20 PHP Array Functions You Must Know
ရှုပ်ထွေးလှတဲ့ Data တွေ Manipulate လုပ်ရတဲ့ Project တွေကို Core PHP နဲ့ ပဲရေးရေး၊ Laravel Framework နဲ့ပဲ ရေးရေး အောက်မှာ ဖော်ပြထားတဲ့ Built in Function တွေ ကိုသိထားမှ — -
- မလိုအပ်တဲ့ Code Redundancy တွေလျှော့ချနိုင်မယ်
- Productivity ကောင်းလာမယ်
- Code Reusability လုပ်လို့ ရတော့ Development Time လျှော့ချလာနိုင်မယ်
- Code Quality တွေမြင့်လာမှာဖြစ်ပါတယ်။
1. count($array)
Array ထဲမှ Element အရေတွက်ကို ဖော်ပြပေးပါတယ်။
$fruits = ['apple', 'banana', 'cherry'];
$count = count($fruits);
// $count will be 3
2. empty($array)
Array သည် empty ဟုတ်၊ မဟုတ် စစ်ပေးပါတယ်။
$emptyArray = [];
if (empty($emptyArray)) {
echo 'The array is empty';
}
// Array က တကယ် empty ဖြစ်နေတော့ အဖြေက The array is empty ဆိုတဲ့ output မြင်ရပါမယ်။
3. array_push($array, $newElement)
Array ထဲမှာ Element အသစ်တစ်ခုကို Array နောက်ဆုံးက နေထည့်ပေးပါတယ်။ Argument ၂ ခုပါပါမယ်။
ပထမ Argument — Array
ဒုတိယ Argument — Array ထဲကို ထည့်ချင်တဲ့ New Element
$fruits = ['apple', 'banana'];
array_push($fruits, 'cherry');
// $fruits is now ['apple', 'banana', 'cherry']
4. array_pop($array)
Array တစ်ခုမှ နောက်ဆုံး Element ကို ဖျက်ပစ်ပါတယ်။ ဖျက်လိုက်တဲ့ Element ကိုလိုချင်ရင် Variable တစ်ခုထဲကို assign ချပြီးပြန်ယူလို့ရပါတယ်။
$fruits = ['apple', 'banana', 'cherry'];
$lastFruit = array_pop($fruits);
// $fruits will be ['apple', 'banana']
// $lastFruit will be 'cherry'
5. array_shift($array)
Array တစ်ခုမှ ပထမဆုံး Element ကို ဖျက်ပစ်ပါတယ်။ ဖျက်လိုက်တဲ့ Element ကိုလိုချင်ရင် Variable တစ်ခုထဲကို assign ချပြီးပြန်ယူလို့ရပါတယ်။
$fruits = ['apple', 'banana', 'cherry'];
$firstFruit = array_shift($fruits);
$fruits will be ['banana', 'cherry']
// $firstFruit will be 'apple'
6. array_unshift($array, $newElement)
Array ထဲမှာ Element အသစ်တစ်ခုကို Array ရှေ့ဆုံးကနေ ထည့်ပေးပါတယ်။ Argument ၂ ခုပါပါမယ်။
ပထမ Argument — Array
ဒုတိယ Argument — Array ထဲကို ထည့်ချင်တဲ့ New Element
$fruits = ['banana', 'cherry'];
array_unshift($fruits, 'apple');
// $fruits is now ['apple', 'banana', 'cherry']
7. in_array($var, $array)
Element တစ်ခုသည် Array တစ်ခုမှာ ရှိမရှိ စစ်ဆေးပေးပါတယ်။
ပထမ Argument — Array ထဲမှာ ရှိမရှိ စစ်ဆေးချင်တဲ့ Element
ဒုတိယ Argument — Array
$fruits = ['apple', 'banana', 'cherry'];
if (in_array('banana', $fruits)) {
echo 'Found banana in the array';
}
// Array ထဲမှာ banana ဆိုတဲ့ Element ကတကယ် ရှိနေတော့ Found banana in the array ဆိုတဲ့ Output ရရှိပါမယ်။
8. array_key_exists($key, $associativeArray)
Element Key တစ်ခုသည် Associative Array တစ်ခုမှာ ရှိမရှိ စစ်ဆေးပေးပါတယ်။
ပထမ Argument — Array ထဲမှာ ရှိမရှိ စစ်ဆေးချင်တဲ့ Element Key
ဒုတိယ Argument — Associative Array
$person = ['name' => 'John', 'age' => 30];
if (array_key_exists('age', $person)) {
echo 'Age key exists in the array';
}
// Array ထဲမှာ age ဆိုတဲ့ Key ကတကယ် ရှိနေတော့ Age key exists in the array ဆိုတဲ့ Output ရရှိပါမယ်။
9. array_merge($array1, $array2)
Array ၂ ခု (သို့) ၂ ခုထက်များသော Array တွေပေါင်းပေးပါတယ်။
$fruits1 = ['apple', 'banana'];
$fruits2 = ['cherry', 'date'];
$mergedFruits = array_merge($fruits1, $fruits2);
// $mergedFruits is ['apple', 'banana', 'cherry', 'date']
10. array_splice($array, $arg1, $arg2)
Array ထဲမှ Element အချို့ကို ဖြတ်ထုတ်ပေးပါတယ်။ Argument ၃ ခုပါပါမယ်။
ပထမ Argument — Array
ဒုတိယ Argument — Array Index (ကိုယ် ဖြတ်ထုတ်ချင်တဲ့ Position)
တတိယ Argument — ဘယ်နှစ်ခု ဖြတ်ထုတ်ချင်တာလဲ ဆိုတဲ့ အရေအတွက်
$fruits = ['apple', 'banana', 'cherry', 'date'];
$slicedFruits = array_slice($fruits, 1, 2);
// $slicedFruits is ['banana', 'cherry']
11. array_reverse($array)
Array ထဲမှာရှိတဲ့ Element တွေကို ပြောင်းပြန် ပြန်စီပေးပါတယ်။
$fruits = ['apple', 'banana', 'cherry'];
$reversedFruits = array_reverse($fruits);
// $reversedFruits is ['cherry', 'banana', 'apple']
12. array_search($element, $array)
Array ထဲမှ Element ကိုရှာပေးပါတယ်၊ တွေ့ရင် သူ့ရဲ့ Array Index ကို ပြန်ပေးပါတယ်။ Argument ၂ ခု ပါရပါမယ်။
ပထမ Argument — ရှာချင်တဲ့ Element
ဒုတိယ Argument — Array
$fruits = ['apple', 'banana', 'cherry'];
$key = array_search('banana', $fruits);
// $key will be 1
13. array_unique($array)
တူနေတဲ့ ထပ်နေတဲ့ Element ရှိရင် တစ်ခုကိုပဲ ချန်ထားပြီး တစ်ခြားဟာတွေကို ဖျက်ပစ်ပါတယ်။
$fruits = ['apple', 'banana', 'cherry', 'apple'];
$uniqueFruits = array_unique($fruits);
// $uniqueFruits is ['apple', 'banana', 'cherry']
14. array_filter($array, $callBackFunction)
Argument ၂ ခုပါပါမယ်။ ဒုတိယ Argument ဖြစ်တဲ့ callback function ပေါ်မူတည်ပြီး Element တွေကို Filter(စစ်ထုတ်) လုပ်ပေးတာပါ။
ပထမ Argument — စစ်ထုတ်ချင်တဲ့ Array
ဒုတိယ Argument — စစ်ထုတ်မယ့် functionality ($numbers Array ထဲမှာရှိတဲ့ ကိန်းဂဏာန်း တွေထဲမှ 2 နဲ့ စားလို့ပြတ်တဲ့ Element တွေကို စစ်ထုတ်ပေးဆိုတဲ့ Function ဖြစ်ပါတယ်။)
$numbers = [1, 2, 3, 4, 5];
$evenNumbers = array_filter($numbers, function($value) {
return $value % 2 == 0;
});
// $evenNumbers is [2, 4]
15. array_map($callBackFunction, $array)
Array ထဲမှာ ရှိတဲ့ Element တစ်ခုချင်းစီကို callback function နဲ့ ပြုပြင်ပြောင်းလဲချင်ရင် သုံးပါတယ်။ Argument ၂ ခုပါပါမယ်။
ပထမ Argument — Element တစ်ခုချင်းစီကို Modify လုပ်လို့ရတဲ့ Callback Function
ဒုတိယ Argument — Array
$numbers = [1, 2, 3, 4, 5];
$squaredNumbers = array_map(function($value) {
return $value * $value;
}, $numbers);
// $squaredNumbers is [1, 4, 9, 16, 25]
16. array_reduce($array, $callBackFunction)
Callback Function ကိုသုံးပြီး Array ထဲမှာရှိတဲ့ Element တွေကို တန်ဖိုးတစ်ခု (Single Value) အဖြစ် Modify လုပ်ချင်တဲ့ အခါမှာသုံးပါတယ်။ Argument ၂ ခုပါပါမယ်။
ပထမ Argument — Array
ဒုတိယ Argument — Callback function ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ နောက်ထပ် Argument ၂ ခု ပါပါတယ်။ ပထမတစ်ခုက အောက်ကလို ပေါင်းတယ်ဆိုရင် Current Loop လုပ်တဲ့အချိန်ထိ ပေါင်းထားတဲ့ တန်ဖိုး။ ဒုတိယ တစ်ခုက ဆိုရင် Array ထဲမှာ ရှိတဲ့ Element တစ်ခုချင်းစီဖြစ်ပါတယ်။
$numbers = [1, 2, 3, 4, 5];
$sum = array_reduce($numbers, function($carry, $item) {
return $carry + $item;
});
// $sum is 15
17. array_keys($array)
Associative Array ထဲမှ Key တွေကိုပဲ လိုချင်ရင် သုံးပါတယ်။
$person = ['name' => 'John', 'age' => 30];
$keys = array_keys($person);
// $keys is ['name', 'age']
18. array_values($array)
Associative Array ထဲမှ Value တွေကိုပဲ လိုချင်ရင် သုံးပါတယ်။
$person = ['name' => 'John', 'age' => 30];
$values = array_values($person);
// $values is ['John', 30]
19. array_flip($array)
Associative Array ထဲမှ Key နဲ့ Value တွေကို ပြောင်းပြန်လှန်ပေးပါတယ်။
$person = ['name' => 'John', 'age' => 30];
$flippedPerson = array_flip($person);
// $flippedPerson is ['John' => 'name', 30 => 'age']
20. array_chunk($array, $count)
Array ထဲမှာရှိနေကြတဲ့ Element တွေကို နောက်ထပ် Multidimensional Array ထဲကို သတ်မှတ်ထားတဲ့ အရေအတွက်အလိုက် ခွဲချင်ရင် သုံးပါတယ်။
ပထမ Argument — Array
ဒုတိယ Argument — ခွဲချင်တဲ့ အရေအတွက်
$fruits = ['apple', 'banana', 'cherry', 'date', 'fig'];
$chunks = array_chunk($fruits, 2);
// $chunks is [['apple', 'banana'], ['cherry', 'date'], ['fig']]
love you all